မြန်မာအစိုးရကိုသိစေချင်သော
ယနေ့ ကြုံတွေနေရတဲ့  မလေးရှားရောက်မြန်မာနိုင်ငံသားတွေရဲ့  ဒုက္ခကို အားလုံးသိပြီးဖြစ်ပါတယ်
မြန်မာပြည်က အလုပ်သမားအေဂျင်စီတွေကို ပြောချင်ပါတယ်။ ပိုက်ဆံတွေကုန်ကျထားလို့  ဆိုတဲ့  အတွေးနဲ့  လက်ရှိလာဖို့ စီစဉ်နေတဲ့  မြန်မာပြည်သူပြည်သားတွေကို အရင်လိုအားကျအောင်မြူစွယ်
စည်းရုံးတာမျိုးမလုပ်ကြပါနဲ့ တော့လို့  မေတ္တာရပ်ခံချင်ပါတယ်။ အေးဂျင့် ဆိုတာ ဘာလဲလို့ 
မလေးရှားရောက်မြန်မာတွေက သိပေမယ့်  မရောက်ဖူးသေးတဲ့  မြန်မာတွေက ဘာမှမသိပါဘူး။
မက်လုံးတွေ ပစ်ပြီး ထပ်မပို့ ကြပါနဲ့ ။ မြန်မာအစိုးရကိုလည်း တောင်းဆိုချင်ပါတယ်။ ဒီမှာ ဒုက္ခရောက်နေတဲ့  မြန်မာအလုပ်သမားတွေကို မလေးရှားအစိုးရနဲ့  တိုင်ပင်ညှိုနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးစေချင်ပါတယ်။ မလေးရှားကို အလုပ်သမားထပ်ပို့ ခွင့်
ကိုလည်း ပြန်လည်သုံးသပ်စေချင်ပါတယ်။ မလေးရှားမှာ အလုပ်ရုံ၊ စက်ရုံတော်တော်များများက
မြန်မာအလုပ်သမားတွေရဲ့  လုပ်အား ခွန်အားနဲ့  လည်ပတ်နေရတာ ဆိုရင်လည်းမမှားပါဘူး။
မြန်မာအလုပ်သမားတွေက သူများနိုင်ငံ တိုးတက်ဖို့ လာရောက်ပံ့ပိုးပေးနေရသလိုပါပဲ။
ဒီတော့ကိုယ့်နိုင်ငံမှာ သူများနိုင်ငံလို စက်ရုံတွေ အလုပ်အကိုင်တွေနဲ့  မြန်မာပြည်ကြီး
တိုးတက်လာရင် မလေးရှားက အလုပ်အတွေ့ အကြုံဗဟုသုတရှိပြီးသား မြန်မာအလုပ်သမားတွေဟာ
ကိုယ့်နိုင်ငံ တိုးတက်ဖို့ အတွက် တစ်တပ်တစ်အား ပါဝင်ဖို့  အသင့်ရှိနေမယ်ထင်ပါတယ်။
ဒီလူတွေကို ပြည်တော်ပြန်ခေါ်စေချင်ပါတယ်။ တချို့ က ပတ်စပို့ နဲ့  တရားဝင်လာကြပေမယ့် 
ဒီရောက်မှ အလုပ်မှအဆင်မပြေလို့  အိုဗာစတေးဖြစ်ကြရတယ်။ တစ်ချို့ က သံရုးကို အခွန်မဆောင်နိုင်လို့ 
အိုဗာစတေးဖြစ်ကြရတယ်။ ဘယ်သူကမှ မလေးရှားမှာ ခိုးကြောင်ခိုးဝှက်မနေချင်ကြပါဘူး။
အခက်အခဲ အမျိုးမျိုးကြောင့် အိုဗာစတေးဖြစ်ကြရတာပါ။ ယခုလက်ရှိအစိုးရအနေနဲ့  ဒါတွေကို
နားလည်စေချင်ပါတယ်။ မလေးရှားမှာရောက်နေတဲ့  မြန်မာအလုပ်သမားတွေကို အကောင်းဆုံးနည်းနဲ့ 
ပြန်လည်ခေါ်ယူစေချင်ပါတယ်။
( မလေးရှားရောက်မြန်မာများ ဘေးအန္တရယ်ကင်းဝေးကြပါစေ )
စာရေးသူ.. ကိုကိုအောင်

ဆာလာယန်းက သတိပေးသံ
ထိုင်းနိုင်ငံ
ပြီးလျှင် မြန်မာလုပ်သား အများဆုံး သွားရောက် အလုပ် လုပ်ကိုင်ကြသော
မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့
အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံသား ငါးဦး သေဆုံးခဲ့ပြီးနောက်
မလေးရှားနိုင်ငံရောက် မြန်မာများ၊ ရွှေ့ပြောင်း လုပ်သားများ၏ ဘဝ
လုံခြုံမှုမှာ စိုးရိမ်မှတ်သို့ ရောက်ရှိ လာခဲ့သည်။
ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ကွာလာလမ်ပူမြို့ ဆူဗန်းဂျာယာတွင် မြန်မာနိုင်ငံသား ခြောက်ဦး နေထိုင်သော နေအိမ်ကို အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက်မှု ထပ်မံ ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား တစ်ဦး ဓားဒဏ်ရာ ရရှိခဲ့သဖြင့် ကွာလာလမ်ပူ ဆေးရုံ တွင် ဆေးကုသနေရပြီး နှစ်ဦး ပျောက်ဆုံးနေ ကြောင်း ကပုန်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အကြမ်းဖက်မှုများ စတင်ခဲ့သည့် ကွာလာလမ်ပူမြို့ရှိ ဟင်းသီးဟင်းရွက် ရောင်းချသည့် နေရာ ဆာလာယန်းနှင့် အန်းပန်းရွာသစ် အပါအဝင် ဆက်တိုက် ဖြစ်ပွားလာသည့် ယင်း အကြမ်းဖက်မှုများ သည် မြန်မာနိုင်ငံ၏ အရပ်သား အစိုးရသစ် လက်ထက် ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ လုံခြုံရေးနှင့် အကာအကွယ် ပေးရေးကို ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
“မြန်မာတွေအတွက် လုံခြုံမှု မရှိတော့ဘူး။ အလုပ်သမားတွေ အပြင် မထွက်ရဲကြဘူး”ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား ဦးအောင်ဘိုက ဖွင့်ဟသည်။
အကြမ်းဖက်မှု ဂယက်များကြောင့် မြန်မာနိုင်ငံသားများ စိုးရိမ် ကြောက်လန့်မှု မြင့်တက်နေသော်လည်း မြန်မာအစိုးရနှင့် မလေးရှား အစိုးရတို့က မြန်မာနိုင်ငံသားများ၏ လုံခြုံရေး အတွက် လုပ်ဆောင်ပေးမှု မရှိကြောင်း အလုပ်သမားများက ဝေဖန်ကြသည်။
မြန်မာနိင်ငံသားများ၏ လုံခြုံရေးနှင့် ပတ်သက်၍ မြန်မာသံအမတ် ဦးတင်လတ်က မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဇွန်လ ၅ ရက်နေ့တွင် တွေ့ဆုံ ခဲ့ကြောင်း မြန်မာသံရုံးထံမှ သိရှိရသည်။
အကြမ်းဖက်မှု ဂယက်များကြောင့် မြန်မာ အလုပ်သမား အချို့ ပြည်တော်ပြန်ရန် ပြင်ဆင် နေကြပြီပြီး အချို့မှာမူ နိုင်ငံကူးလက်မှတ် မရှိသဖြင့် ပြည်တော်ပြန်ရန် အခက်အခဲ ကြုံတွေ့ နေရကြောင်း မလေးရှားရောက် မြန်မာလုပ်သားများက ပြောကြားသည်။
“မိန်းကလေး ခုနစ်ယောက်က မနေရဲလို့ ပြန်ဖို့ လုပ်နေကြပြီ” ဟု မလေးရှားနိုင်ငံ ဂျိုဟိုးရှိ အလုပ်သမားတစ်ဦး ဖြစ်သူ ဦးရွှေထွန်းက ဇွန်လ ၆ ရက်နေ့က ပြောကြားသည်။ တစ်ယောက်တည်း ဆိုပါက အပြင်မထွက်ရဲ ကြကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
မေလ ၃၀ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက် ခံရမှုများကြောင့် ဇွန်လ ၆ ရက်နေ့တွင် မလေးရှားရောက် မြန်မာ အတိုက်အခံ အုပ်စုများက မလေးရှား ရောက် မြန်မာနိုင်ငံသားများကို တရား ဥပဒေကြောင်း အရ အကာအကွယ်ပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးရှေ့တွင် တောင်းဆိုခဲ့ကြသည်။
မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံရမှုကို သတင်း အမှောင်ချ ခဲ့သည်ဟုဆိုကာ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကိုပါ ရာထူးက နုတ်ထွက်ပေးရန် မြန်မာအတိုက်ခံ အုပ်စုများဖြစ်သော ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ NLD YOUTH (LA) Malaysia. GSC အထွေထွေ သပိတ်ကော်မတီနှင့် KEPONG နာရေးကူညီမှု အသင်းတို့က တောင်းဆို ခဲ့ကြသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံသားများ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ယင်းအကြမ်းဖက်မှု ကျူးလွန်သူများကို ချက်ချင်း စုံစမ်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူပေးရန်၊ အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားရေး အတွက် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကို ဇွန်လ ၄ ရက်နေ့တွင် သတိပေးခဲ့သည်။ သတိပေးပြီး တစ်ရက်အကြာ ဇွန်လ ၅ ရက်နေ့တွင် ကွာလာလမ်ပူ မြို့တော်တွင် စစ်ဆင်ရေး တစ်ရပ် အနေဖြင့် ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံ သား ၁၀၀၀ ကျော် ဖမ်းဆီး ခံခဲ့ရကြောင်း မလေးရှားနိုင်ငံ သတင်းဌာန The Star တွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများ အနက် တရားဝင် အထောက်အထား မရှိသူများကို ဖမ်းဆီး အရေးယူမည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ခံရနိုင်ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။
အော်ပရာစီခေါ် ယင်းစစ်ဆင်ရေးကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာ စားသောက်ဆိုင်များ၊ စီးပွားရေး လုပ်ငန်းများ တည်ရှိသည့် Kota Raya အဆောက်အအုံ၊ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ဆာလာယန်း အပါအဝင် မြန်မာ အများစု နေထိုင်သည့် နေရာများတွင်လည်း ဝင်ရောက် စီးနင်းခံခဲ့ရသည်။
မလေးရှားတွင် ဖြစ်ပွားသည့် ဆူပူ အကြမ်းဖက်မှု များသည် ပြည်ပရောက် မြန်မာ အလုပ်သမားများကို ရိုက်ခတ်မှု ရှိခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် မလေးရှား အလုပ်သမား ဈေးကွက်ကိုလည်း ရိုက်ခတ်မှု များရှိခဲ့သည်။
“မလေးရှားနိုင်ငံသို့ ထွက်ခွာ ခါနီးမှ မိဘတွေက စိုးရိမ်ပြီး အစီအစဉ်ဖျက်ဖို့ တောင်းဆိုတာရှိတယ်”ဟု ကျောက်တံတား မြို့နယ်ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးက ဆိုသည်။
မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မည့် နေရာတွင် အလုပ်ရှင်က လုံခြုံရေး အတွက် အာမခံမှသာ စေလွှတ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ် စက်ရုံလုပ်ငန်းတွင် အလုပ် လုပ်ကိုင်နေသည့် ဒေါ်မအိအိကမူ “ထူးထူးခြားခြားတော့ ဘာမှမဖြစ်သေးဘူး။ ဒါပေမဲ့ သတိထားပြီး နေနေကြတယ” ဟု ရှင်းပြသည်။
အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားရေးအတွက် မြန်မာအစိုးရက မလေးရှားအစိုးရကို သံတမန် နည်းလမ်းများအရ သတိ ပေးထားသော်လည်း အကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပွားလာမှုသည် မလေးရှား အပြင် ပြည်ပရောက် မြန်မာများ၏ လုံခြုံရေး၊ အကာအကွယ် ပေးမှုများမှာ မေးခွန်း ထုတ်စရာ ဖြစ်လာ ခဲ့သည်။ ပြဿနာ ဖြစ်ပွားမှုများတွင် ထိရောက်သည့် သံတမန် နည်းလမ်းများဖြင့် ချက်ချင်း အရေးယူ လုပ်ဆောင်ပေးရန် အဓိကအရေးကြီးသည်။
လျစ်လျူရှု ခံလာရသည့် ပြည်ပရောက် မြန်မာအလုပ်သမားများ အရေးကို အရပ်သား အစိုးရသစ် လက်ထက်တွင် အရေးယူ လုပ်ဆောင်ပေးမှုများ ရှိလာပြီ ဖြစ်သော်လည်း ထိထိရောက်ရောက် ဖြေရှင်း ပေးနိုင်မှုများ အားနည်း နေသေးကြောင်း ပြည်ပရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူများက ဝေဖန်ကြသည်။ ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အသက် ၁၂ နှစ်အရွယ် ကရင် တိုင်းရင်းသူ၏ ရေနွေးပူ လောင်း နှိပ်စက်ခံရမှု ကျူးလွန်သူများကို သုံးလကျော် ကြာထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးမှုက ယင်းအားနည်းမှုများကို သက်သေ ထူနေသည်။
အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံကမူ အင်ဒိုနီးရှား အိမ်အကူများ မလေးရှားနိုင်ငံတွင် နှိပ်စက် ခံရမှုများကြောင့် စေလွှတ်မှုများ ရပ်ဆိုင်းပြီး အိမ်အကူနှင့် ပတ်သက်သည့် အကာအကွယ်ပေးရေး မူဝါဒများကို တင်းကျပ်၍ အခွင့်အရေးနှင့် လုံခြုံမှုများကို ကာကွယ် ဖြေရှင်းပေးမှု ရှိခဲ့သည်။
အချို့နိုင်ငံများက ဥပဒေများ ပြဋ္ဌာန်း၍ အကာအကွယ်ပေးသည်။
ဖိလစ်ပိုင်နိုင်ငံကမူ ရွှေ့ပြောင်း လုပ်သားများအတွက် ဥပဒေတစ်ရပ် ထုတ်ပြန်၍ အကာအကွယ် ပေးထားပြီး မူဝါဒပိုင်း ဆိုင်ရာ သတ်မှတ်ချက်များ၊ သတ်မှတ်ချက် မမီသည့် နိုင်ငံများကို လုပ်သား စေလွှတ်မှု တားမြစ်ချက်၊ တရားမဝင် လုပ်သားခေါ်ယူမှု၊ အရေးယူ အပြစ်ပေးမှုများ အပါအဝင် အခွင့်အရေး အကာအကွယ်ပေးသည့် အချက်များစွာ ထည့်သွင်းကာ ၁၉၉၅ ခုနှစ် က စတင် ပြဋ္ဌာန်းကာ အကာအကွယ် ပေးထားသည်။
မြန်မာနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် ဥပဒေတစ်ရပ် အမြန်ဆုံး ပေါ်ထွက်လာရန် ကြိုးပမ်း လုပ်ဆောင်နေဆဲသာ ရှိနေသေးသည်။
ပြုပြင် ပြောင်းလဲမှုများကြောင့် ကမ္ဘာ့ ထိပ်တန်းနိုင်ငံများကပါ အသိအမှတ် ပြုခံလာရသည့် မြန်မာနိုင်ငံ အစိုးရအတွက် မလေးရှားနိုင်ငံ ဆာလာယန်းက စတင်ခဲ့သည့် အကြမ်းဖက်မှုများမှာ အစိုးရ တရားဝင် စာရင်းအရ လေးသန်းကျော်ရှိသည့် ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝ လုံခြုံရေးအတွက် ထပ်ဆင့် သတိပေးလိုက်ခြင်း ဖြစ်သည်။
The Voice Weekly

မလေးရှားရောက် မြန်မာများ ဆက်တိုက် အကြမ်းဖက်ခံရ
မလေးရှားရောက် မြန်မာများ ဆက်တိုက် အကြမ်းဖက်ခံရတရားဝင် မြန်မာ အလုပ်သမား သုံးသိန်းကျော် ရှိသည့် မလေးရှား နိုင်ငံတွင် မြန်မာ အလုပ်
သမားများ ယခုရက်ပိုင်း အတွင်း သုံးကြိမ် ဆက်တိုက် လူအုပ်စုဖွဲ့
အကြမ်းဖက်မှု ခံခဲ့ရကြောင်း မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး
ဦးတင်လတ် က ပြောကြားသည်။ မလေးရှား နိုင်ငံတွင် မြန်မာ အလုပ် သမားများ အသတ်ခံ ရသည်ဟုဆိုသည့် သတင်းများနှင့် ပတ်သက်၍ သံအမတ်ကြီး ဦးတင်လတ်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မေးမြန်း
မှုကို အထက်ပါအတိုင်း ပြန်လည် ဖြေကြားသည်။
ကွာလာလမ်ပူ မြို့တော်ရှိ ဟင်းသီး ဟင်းရွက် ဈေးတစ်ခု ဖြစ်သော ဆာလာယန်းတွင်
မေလ ၃၀ ရက်နေ့က ဈေးရောင်းပြီး ပြန်လာသည့် မြန်မာ လုပ်သားတစ်ဦးကို အမည်မသိ
လူအုပ်စု တစ်စုက တိုက်ခိုက်ခဲ့သဖြင့်
ဆေးရုံတွင် ကုသမှု ခံယူနေရပြီး
မေလ ၃၁ ရက်နေ့ ည ၁၀နာရီကလည်း ယင်းကဲ့သို့ အလားတူ အကြမ်းဖက်ခံ ခဲ့ရကြောင်း၊
မေလ ၃၁ ရက်နေ့က ဆာလာယန်း အနောက်ဘက်ရှိ မြန်မာများ နေထိုင်သည့် နေရာကို
ဝင်ရောက် သတ်ဖြတ်မှုများ ဖြစ်ပွား ခဲ့ကြောင်း ၎င်းက ဆိုသည်။
မြန်မာ
သံအမတ်က သေဆုံးမှု ရှိမရှိ အတည်ပြု ပြောဆိုခြင်း မရှိသော်လည်း မေလ ၃၀ နှင့်
၃၁ ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် များကြောင့် မြန်မာ
လုပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ၎င်းတို့ အသင်းက ဦးစီး သဂြုင်္ိဟ်ရန်
ပြင်ဆင်နေကြောင်း ဆာလာယန်းရှိ ကပုန်း နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက
The Voice သို့ ပြောဆိုသည်။
“သဂြုင်္ိဟ်ဖို့ သံရုံးကို ခွင့်ပြုချက်
တောင်းထားတယ်”ဟု ၎င်းက ဆိုသည်။ ယင်း နှစ်ဦးလုံးသည် လည်ပင်းဖြတ်
သတ်ဖြတ်ခံရခြင်း ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့က မြန်မာလေးဦး ထပ်မံ ရိုက်နှက်
ခံခဲ့ရရာ တစ်ဦးမှာ ဦးခေါင်း ဒဏ်ရာဖြင့် စိုးရိမ်ရပြီး ကျန်နှစ်ဦးကို
အတွင်းလူနာ အဖြစ် ကုသနေရကြောင်း ဦးဆန်းဝင်းက ရှင်းပြသည်။
ဆာလာယန်းတွင် ဆက်တိုက် ဖြစ်ပွားနေသည့် အကြမ်းဖက်မှု များကြောင့်
မြန်မာလုပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ကိုးဦးမှာ အထူးကြပ်မတ်
ကုသဆောင် (ICU) တွင် ကုသ နေရကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။
အကြမ်းဖက်မှုများကြောင့် ကပုန်း မြန်မာ
ဘုန်းတော်ကြီး ကျောင်းတွင်
မြန်မာလုပ်သား ၃၀ ကျော် ပြောင်းရွှေ့ ခိုလှုံလျက် ရှိပြီး ယင်းနေရာကို
မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေး ပေး
ထားကြောင်း မြန်မာသံအမတ် ဦးတင်လတ်က ပြောကြားသည်။ အကြမ်းဖက်မှုများကြောင့် ဆာလာယန်းအနီးတွင် အလုပ်လုပ်နေသည့်
မြန်မာလုပ်သား ၅၀၀ ခန့် တိမ်းရှောင် နေကြပြီး အချို့ ပြန်လာလိုသော်
လည်း နိုင်ငံကူးလက်မှတ်မရှိသဖြင့် အခက်အခဲ ဖြစ်နေ ကြောင်း ဦးဆန်းဝင်းက ဆိုသည်။
“လားရှိုးမှာ ပြဿနာ ဖြစ်ပြီး ကတည်းက နေရတာ မလုံခြုံတော့ဘူး။ အမြဲတမ်း သတိထားနေရတယ်” ဟု မလေးရှားရောက် မြန်မာအလုပ်
သမား တစ်ဦးက The Voice သို့ ပြောကြားသည်။ ဆာလာယန်းသည် မူးယစ်ဆေးဝါး
ရောင်းဝယ်မှု၊ လူသတ်မှု အပါအဝင် ဒုစရိုက် လုပ်ငန်းများ လုပ်ကိုင်သော နေရာ
ဖြစ်ပြီး မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ထိရောက်စွာ ကိုင်တွယ်နိုင်မှု
မရှိသည့် နေရာ ဖြစ်ကြောင်း ဦးတင်လတ်က ဆိုသည်။
ဆာလာယန်းတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများမှာ ဘာသာရေးကို အခြေခံခြင်း မဟုတ်ဘဲ ဒုစရိုက်မှုများ ဖြစ်ပွားလေ့ ရှိသည့် နေရာဖြစ်၍
မြန်မာလုပ်သားများ အနေနှင့် အချိန်မတော် အပြင်မထွက် သင့်ကြောင်း ဦးတင်လတ်က တိုက်တွန်းသည်။
The Voice Journal
ကမ်ပုန်းဘာရု ၊ အမ်ဘန်း တွင် ကားရေဆေး မြန်မာ အလုပ်သမား အသတ်ခံရ
အသတ်ခံရသည့်
အမျိုးသားမှာ ကမ်ပုံဘာရူး အမ်ပန်း ရပ်ကွက်သစ် မာဒေးကား ရီယာလမ်း Jalan
Merdeka Ria 3, Kampung Baru Ampang ရှိ ကားရေဆေး အလုပ်ရုံတွင်
လုပ်ကိုင်နေသူ အလုပ်သမား တစ်ဦးဖြစ်သည်။ အလုပ်ရုံတွင် အိပ်ပျော်နေခိုက် ယနေ့
ဇွန်လ ၃-ရက် မနက် ၁နာရီ ခန့်တွင် လူ ၁၀-ယောက်မှ ကား ၂-စီးဖြင့် လာရောက်
သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုအလုပ်ရုံရှိ မြန်မာအလုပ်သမား ၈-ယောက်မှ
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာများ ရရှိသွားခဲ့သည်။
သေဆုံးသူမှာလည်ပင်းပြတ်၊ ရင်ဘတ်နှင့် ကျောတွင်း ဓားခုတ် ဒဏ်ရာများဖြင့်
သေးဆုံးခဲ့ကြောင်းတွေ့ရှိရသည်
လက်ရှိ မလေးရှားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အထူး သတိထား
နေထိုင်ရမယ့် အချိန်ပါ။ တစ်ဦးတစ်ယောက်တည်း လမ်းသွား လမ်းလာ လုပ်မှုတွေကို
ရှောင်ရှားသင့်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကွာလာလမ်ပူ ၊ ဆူဘမ်း ဘက်မှာ
အဖွဲ့ပေါင်းစုံဝင်ရောက်ဖမ်းဆီးမှု( အော်ပရာစီ) များ ပြုလုပ်နေတယ်လို့လည်း
ဆူဘမ်းမှ သတင်းပေးပို့လာပါတယ်။ ယနေ့မနက်က မြန်မာ လူမျိုး
အသတ်ခံလိုက်ရတာကိုလည်း မလေးရှားနိုင်ငံ ရုပ်သံသတင်းဖြစ်တဲ့ TV7, TV1 တွေက
ထုတ်လွှင့်ပြသသွားခဲ့သလို တခြား တီဗီလိုင်းတွေကလည်း ထုတ်လွှင့် ခဲ့တယ်လို့
သိရှိရပါတယ်။ လက်ရှိအခြေအနေ အချိန်အခါထိတော့ မလေးရှားနိုင်ငံဆိုင်ရာ
မြန်မာသံရုံးမှ ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးသလို ကပုန်းဘုန်းတော်ကြီး
ကျောင်းထိုင်ဆရာတော်ကို မေးမြန်းလျှောက်ထားမှုများမှာလည်း
ကပုန်းဘုန်းကြီးကျောင်းသို့ မြန်မာသံရုံးမှ ဒုက္ခသည်များအား လာရောက်
ကြည့်ရှုအားပေးမှုမျိုး မရှိသေးသလို ဖုန်းဖြင့်သာ
ဆက်သွယ်မေးမြန်းမှုမျိုးရှိတယ်လို့လည်း Myanmar Daily News ကို ပြောပါတယ်။
တစ်ချို့ အခုတ်ခံရတဲ့ သူတွေကို ဆေးရုံတွင် ဆေးကုသမှုခံယူနေတယ်လို့လည်း
သိရပြီး သတင်းဓာတ်ပုံရရှိရေးကိုလည်း ကျနော်တို့ မြန်မာနေ့စဉ်သတင်းမှ
ကြိုးစားနေပါတယ်။
Related Article: Malaysia New
သံရုံးမကယ်နိုင်တော့သော မလေးပြဿနာ
၆-၂၀၁၃ ရက် ယနေ့ နံနက်ကြီး ၃း၃၀ နာရီ
တွင်အိုဟောင်းနေသော အိမ်တွင် လူခြောက်ယောက်အိပ်နေစဉ်လူတစ်စုသည်အိမ်နံရံ
လေဝင်ပေါက်များမှစပရေးများဖြင့်ဖြန်းပက်ရာအိပ်နေသော(ခင်မောင်ဝင်း)တို့လူခြောက်ယောက်သည်မျက်လုံးများဘာမှမမြင်နိုင်ဖြစ်ပြီးဘာမှလည်းမမြင်ရဟိုစမ်းဒီစမ်းရှောက်သွားနေစဉ်အပြင်မှတံခါးကိုရိုက်ဖျက်ပြီးဝင်ရောက်ခါဓါးဖြင့်ခုတ်ပါတယ်၊တစ်ယောက်မှာ
ခင်မောင်ဝင်း အသက်(၂၃)နှစ် ရခိုင်လူမျိုးဓါးဒဏ်ရာပြင်းထန်စွာဖြင့်
အရေးပေါ်ဌာနကွာလာလန်ပူဆေးရုံကြီး တွင်ဆေးကုသမှုခံယူနေရပါသည်။
နှစ်ယောက်မှာပျောက်ဆုံးနေပါသည်ကျန်သုံးယောက်မှာလွတ်မြောက်သွားကြောင်းဖုန်းဖြင့်ဆက်သွယ်ပြောကြားပါသည်။ယခုမလေးရှား၏အခြေအနေသည်
မြန်မာနိုင်ငံသားများအတွက်လုံခြုံမှု မရှိတော့ပါ။မလေးရှားရဲတပ်ဖွဲ့မှ
မြို့နယ်များတွင်
အော်ပရာစီများပြုလုပ်ခြင်းသည်နိုင်ငံခြားသားများအတွက်အနိုင်ကျင့်ခံရသလိုဖြစ်နေပါသည်။ဖမ်းစီးခံရသူများထဲမှခေါ်ယူစစ်ဆေးခံရသူများအားမလေးရှားရဲများမှငွေကြေးတောင်းခံခြင်းများတယ်လီဖုန်းများသိမ်းယူခြင်းများနှင့်ကြုံတွေ့ရပါသည်။
မလေးရှားရှိ ကပ်ပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းမှ
ပေးပို့လာခြင်းဖြစ်ပါသည်။
Kyawko Kokyaw
Kyawko Kokyaw
Subscribe to:
Posts (Atom)