ယနေ့ ကြုံတွေနေရတဲ့  မလေးရှားရောက်မြန်မာနိုင်ငံသားတွေရဲ့  ဒုက္ခကို အားလုံးသိပြီးဖြစ်ပါတယ်
မြန်မာပြည်က အလုပ်သမားအေဂျင်စီတွေကို ပြောချင်ပါတယ်။ ပိုက်ဆံတွေကုန်ကျထားလို့  ဆိုတဲ့  အတွေးနဲ့  လက်ရှိလာဖို့ စီစဉ်နေတဲ့  မြန်မာပြည်သူပြည်သားတွေကို အရင်လိုအားကျအောင်မြူစွယ်
စည်းရုံးတာမျိုးမလုပ်ကြပါနဲ့ တော့လို့  မေတ္တာရပ်ခံချင်ပါတယ်။ အေးဂျင့် ဆိုတာ ဘာလဲလို့ 
မလေးရှားရောက်မြန်မာတွေက သိပေမယ့်  မရောက်ဖူးသေးတဲ့  မြန်မာတွေက ဘာမှမသိပါဘူး။
မက်လုံးတွေ ပစ်ပြီး ထပ်မပို့ ကြပါနဲ့ ။ မြန်မာအစိုးရကိုလည်း တောင်းဆိုချင်ပါတယ်။ ဒီမှာ ဒုက္ခရောက်နေတဲ့  မြန်မာအလုပ်သမားတွေကို မလေးရှားအစိုးရနဲ့  တိုင်ပင်ညှိုနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးစေချင်ပါတယ်။ မလေးရှားကို အလုပ်သမားထပ်ပို့ ခွင့်
ကိုလည်း ပြန်လည်သုံးသပ်စေချင်ပါတယ်။ မလေးရှားမှာ အလုပ်ရုံ၊ စက်ရုံတော်တော်များများက
မြန်မာအလုပ်သမားတွေရဲ့  လုပ်အား ခွန်အားနဲ့  လည်ပတ်နေရတာ ဆိုရင်လည်းမမှားပါဘူး။
မြန်မာအလုပ်သမားတွေက သူများနိုင်ငံ တိုးတက်ဖို့ လာရောက်ပံ့ပိုးပေးနေရသလိုပါပဲ။
ဒီတော့ကိုယ့်နိုင်ငံမှာ သူများနိုင်ငံလို စက်ရုံတွေ အလုပ်အကိုင်တွေနဲ့  မြန်မာပြည်ကြီး
တိုးတက်လာရင် မလေးရှားက အလုပ်အတွေ့ အကြုံဗဟုသုတရှိပြီးသား မြန်မာအလုပ်သမားတွေဟာ
ကိုယ့်နိုင်ငံ တိုးတက်ဖို့ အတွက် တစ်တပ်တစ်အား ပါဝင်ဖို့  အသင့်ရှိနေမယ်ထင်ပါတယ်။
ဒီလူတွေကို ပြည်တော်ပြန်ခေါ်စေချင်ပါတယ်။ တချို့ က ပတ်စပို့ နဲ့  တရားဝင်လာကြပေမယ့် 
ဒီရောက်မှ အလုပ်မှအဆင်မပြေလို့  အိုဗာစတေးဖြစ်ကြရတယ်။ တစ်ချို့ က သံရုးကို အခွန်မဆောင်နိုင်လို့ 
အိုဗာစတေးဖြစ်ကြရတယ်။ ဘယ်သူကမှ မလေးရှားမှာ ခိုးကြောင်ခိုးဝှက်မနေချင်ကြပါဘူး။
အခက်အခဲ အမျိုးမျိုးကြောင့် အိုဗာစတေးဖြစ်ကြရတာပါ။ ယခုလက်ရှိအစိုးရအနေနဲ့  ဒါတွေကို
နားလည်စေချင်ပါတယ်။ မလေးရှားမှာရောက်နေတဲ့  မြန်မာအလုပ်သမားတွေကို အကောင်းဆုံးနည်းနဲ့ 
ပြန်လည်ခေါ်ယူစေချင်ပါတယ်။
( မလေးရှားရောက်မြန်မာများ ဘေးအန္တရယ်ကင်းဝေးကြပါစေ )
စာရေးသူ.. ကိုကိုအောင်
No comments:
Post a Comment